ကျနော့ကိုတိုက်ပွဲဝင်ခွင့်ပီးပါ အမင်
လွတ်လပ်ခြင်းဆိုရေ အလင်းရောင်ကို ယှူယှိုက်ဖို့ 
အကြောက်တရားတိနန့် ပိန်းမှောင်နီရေ မြောင်းပုပ်တိကို ယှင်းလင်းဖို့ 
မသိအိုးအ တုံဏိဘာဝေ ကြယ်စင်တိကို လမ်းပြဖို့ 
ညှိးရော်ရီ နွမ်းခြောက်ခြင်း ဆည်းဆာတိကို အစတုန်းဖို့ 
ငုတ်လျိုးသီဆုံးခြင်းတိထဲက အမှန်တရား အမျိုးသားမာနတိကို ထူမတ်အသက်သွင်းဖို့ 
ဖြူစင်ရေ နှလုံးသားတစ်စုံနန့် 
ကျနော် တိုက်ပွဲ ဝင်ပါရဇီ အမင်.......
ကျိန်စာဆိုးတိနန့် နှစ်ပေါင်း(၂၀၀)ကျော် အမျိုးသားတန်းခါးမှာ
တစ်ခါက ကျနော်ရို့ ဖိုးဖီးတိရဲ့ မြင့်မြတ်ခြင်းတိဟိရေ
နီရောင်လရောင်ပိုင်ထွန်းတောက်ခ
စစ်မှန်သပ်ယပ်ခြင်း ဇာတိမာန်တိဟိရေ
ကမ္ဘာတည်သရွိ ဟဟုန်းတောက်နီဖို့ 
မျိုးစောင့်တရားဝိညာဉ်တိဟိရေ....
ကျနော်တိုက်ပွဲဝင်ရဖို့ အမင်
မလွတ်လပ်ခြင်းလောင်းရိပ်မိနီရေ နှလုံးသားတိကို ဆီးကြော့ဖို့ 
သမိုင်းကြွီးအရိပ်အဆိပ်တက်နီရေ အိပ်မက်တိကို လောင်ကျွန်းစီဖို့ 
တဆစ်ဆစ်နာကြင်ယင်း
ဖိနှိပ်ခြင်းဝါဒဆိုးအောက်က
ဂုတ်သွီးစုပ် လောဘသား တိရိစ္ဆာန်တိကို ကွပ်မျက်ဖို့ 
ကမ္ဘာနန့်  အဝှန်းနိမ့်ကျခြင်း ကိုယ့်လူမျိုးအဆင့်အတန်းကို အဖတ်ဆယ်ဖို့ 
ကျွန်သက္ကရာဇ်တိကို သမိုင်းစာမျက်နှာတိထဲက အပျောက်ဆုပ်ဖြဲပလိုက်ဖို့ 
သက္ကရာဇ်သစ်တစ်ခုနန့် သွီးမော်ကွန်းလွပ်လပ်ရေးကျောက်စာတိုင်စိုက်ထူဖို့ 
သြော်.............အမင်
ကျနော့ကို တိုက်ပွဲဝင်ခွင့်ပြုပါဖိ........
၃၁.၁၂.၂၀၁၀