Saturday, July 28, 2012

အမျိုးသားများ ထိပ်ပြောင် ခြင်းနှင့် ပတ်သက် ၍ ဇီဝ ဗေဒ ဆိုင်ရာ အခြေခံ အချက်ကို တွေ့ရှိ

http://images.yoolay.com/health/therapy/24887-2012-04-02-04-53-24

အသေးစားလုပ်ငန်း (သို့ ) လုပ်ငန်းငယ်များ အောင်မြင်ရေး အတွက် အချက် ၁ဝ ချက်

http://ygnthetzaw.multiply.com/journal/item/13

စိတ်ဖိစီးမှု့ တွေလျှော့ပါးစေဖို့ 

အရှိန်အဟုန်နဲ့ တိုးတက် ပြောင်းလဲနေတဲ့ ခေတ်ရေစီးကြောင်းမှာ ကျောင်းသားလည်း ကျောင်းသားအလျောက်၊ အလုပ်သမားလည်း အလုပ်သမား အလျောက် နိစ္စဓူဝ လှုပ်ရှားရုန်းကန် နေကြရတာပါ။
အဲဒီအခါမှာ စိတ်ဖိစီးမှုတွေနဲ့ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင် လာကြရပါတယ်။ စိတ်ဖိစီးမှုတွေ နေ့စဉ် ခံစား နေရသူများ အတွက် နည်းလမ်း တချို့ မျှဝေ ပေးထားတာတွေ့ သက်ထားကလဲနောက်တဆင့် ထပ်မံမျှဝေလိုက်ပါရစေ။

(၁) အိပ်ရေးဝအောင် အိပ်စက်ပါ။

လူတစ်ယောက်ဟာ အနည်းဆုံး ၆ နာရီတော့ အိပ်စက် သင့်ပါတယ်။ လူငယ်တွေ အနေနဲ့ ၈ နာရီနီးပါး အိပ်စက်ခြင်းက ပိုပြီး သင့်တော်ပါတယ်။ အိပ်စက်ခြင်းအားဖြင့် ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ပြန်လည် ပြည့်ဝစေပြီး စိတ်ဖိစီးမှုတွေကို လျော့ကျ စေပါတယ်။

(၂) လုပ်နိုင်စွမ်း ရှိတဲ့ အတိုင်းအတာကို သိပါစေ။


တစ်ခါတလေ အလုပ်တွေကို လောဘတကြီး လုပ်ရင်းက မနိုင်ဝန် ထမ်းထားရသလို ဖြစ်ပြီး ၀န်ပိတဲ့ ဒဏ်ကို ခံစားကြရပါတယ်။ အဲဒါကြောင့် ၀န်ထုပ်ဝန်ပိုး ဖြစ်မယ့် အပိုအလုပ်တွေကို “ဟင့်အင်း လို့ ငြင်းနိုင်စွမ်း ရှိဖို့ လိုပါတယ်။

(၃) သင့်တင့် မျှတစွာ စားသောက်ပါ။

အစား မကျူးပါနဲ့။ အစားအစာတွေကို ချင့်ချိန် ရွေးချယ်ပြီးမှ စားသောက်ဖို့ လိုပါတယ်။ ခန္ဓာကိုယ် အတွက် လိုအပ်မယ့် ကာဗိုဟိုက်ဒရိုက်၊ ပရိုတင်းနဲ့ ဗီတာမင်ဓာတ်တွေ သင့်တင့် မျှတစွာ ပါဝင်နေတဲ့ အစားအသောက်တွေကို နေ့စဉ် သုံးဆောင်ပါ။

(၄) လေ့ကျင့်ခန်း လုပ်ပါ။

လေ့ကျင့်ခန်း လုပ်ခြင်းက ကျန်းမာကြံ့ခိုင် သက်လုံ ကောင်းစေသလို စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျ စေပါတယ်။ မနက်မိုးလင်း အိပ်ရာနိုးနိုးချင်း အနည်းဆုံး ၁၀ မိနစ်တော့ နေ့စဉ် ကိုယ်လက် လေ့ကျင့်ခန်း လုပ်ပါ။ လမ်းများများ လျှောက်ပါ။ ဓာတ်လှေကား အစား လှေကားကနေ အတက်အဆင်း လုပ်ပါ။

(၅) အစီအစဉ် ရေးဆွဲပါ။

ဘယ်သွားမယ်၊ ဘာလုပ်မယ် ဆိုတာတွေကို သေချာ အစီအစဉ် ရေးဆွဲ ထားခြင်းက အချိန်နဲ့ ငွေကို ချွေတာရာ ရောက်သလို စွမ်းအင်တွေ အလဟဿ ကုန်ဆုံးခြင်းမှလည်း ကာကွယ် ပေးပါတယ်။

(၆) အနားယူ အပန်းဖြေပါ။

ကြိုးကြိုးစားစား စိတ်အား ထက်သန်မှု အပြည့်နဲ့ အလုပ် လုပ်ပြီးတဲ့ အချိန်မှာ ပျော်စရာလေးတွေ အတွက် အချိန်သီးသန့် ပေးဖို့ လိုအပ်ပါတယ်။ သူငယ်ချင်းတွေ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ အတူ ပျော်ပျော်ပါးပါး အချိန်များ ကုန်ဆုံးပါစေ။ အလုပ် ကိစ္စတွေ အားလုံး စိတ်ထဲက ခဏ ထုတ်ထားလိုက်ပါ။

(၇) ရယ်မော ပျော်ရွှင်ပါ။


ကိုယ်တိုင် ပျော်ရွှင်စွာ နေထိုင်သလို တခြား သူများလည်း ရယ်မော ပျော်ရွှင်စေနိုင်ဖို့ ကြိုးစားပါ။ အသေးအမွှား အရာလေးတွေထဲမှာ ရယ်မော ပျော်ရွှင်စရာများ ရှာဖွေပါ။ မှားယွင်း ဆုံးရှုံးမှုတွေနဲ့ ကြုံရတဲ့ အခါ ရယ်မော ပျော်ရွှင်စွာ နေနိုင်အောင် ကြိုးစားပါ။

(၈)ခွင့်လွှတ်ပါ။

မုန်းတီး နာကြည်းခြင်းရဲ့ အကျိုး သက်ရောက်မှုက ကိုယ့်ကိုယ်ကိုသာ ဖြစ်တတ်ပါတယ်။ အမုန်းတွေ သယ်ပိုး ထားရတဲ့ အခါ စိတ်ဖိစီးမှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစား ရတတ်ပါတယ်။ ခွင့်လွှတ်လိုက်ခြင်းကသာ လွတ်လပ် ပေါ့ပါးတဲ့ ပျော်ရွှင်မှုကို သယ်ဆောင် လာမှာပါ။

(၉) ဆုတောင်းပါ။(ဒါမှမဟုတ်) တရားထိုင်ပါ။

အိပ်ရာ ၀င်ခါနီးမှာ သမ္မာကျမ်းစာ ဖတ်တာမျိုး၊ ဒါမှမဟုတ် တရား ထိုင်တာမျိုးက လန်းဆန်း ကြည်လင်စွာ နိုးထခြင်းမျိုးကို ပေးစွမ်း နိုင်ပါတယ်။

(၁၀)လူအများနဲ့ ရင်းနှီး ခင်မင်စွာ ပေါင်းသင်းပါ။

ပွင့်လင်း ဖော်ရွေစွာ ဆက်ဆံတတ်တဲ့ လူတစ်ယောက် ဖြစ်ပါစေ။ လူအများနဲ့ စကားပြောပါ။ မေတ္တာရှိရာ မေတ္တာ လာတတ်ပါတယ်။

ဆံပင်မကျွတ် ဆံပင်သန်စေမယ့် အစားအစာများ

http://www.thespiritfruit.com/2011/12/blog-post_6256.html

ဦးဏှေက်ကျန်းမာရေး

https://sites.google.com/site/myanmarsite1/home/au/unhut

စိတ်ငြိမ်းချမ်းမှု့ ရရှိဖို့ အခြေခံအချက်များ

http://www.myanmareconomicsalumninetwork.com/blogs/item/%E1%80%85%E1%80%AD%E1%80%90%E1%80%B9%E1%81%BF%E1%80%84%E1%80%AD%E1%80%99%E1%80%B9%E1%80%B8%E1%80%81%E1%80%BA%E1%80%99%E1%80%B9%E1%80%B8%E1%80%99%E1%82%88-%E1%80%B7%E1%80%9B%E1%80%9B%E1%80%AD%E1%80%BD%E1%80%96%E1%80%AD%E1%80%AF%E1%82%94-%E1%80%A1%E1%80%B1%E1%80%BB%E1%80%81%E1%80%81%E1%80%B6%E1%80%A1%E1%80%81%E1%80%BA%E1%80%80%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8

အိပ်ရေးပျက်ခြင်း ၏ ဆိုးကျိုး

http://poohaplay.blogspot.sg/2010/05/blog-post_09.html

ထိပ်ပြောင်ခြင်း မှတ်စု

https://sites.google.com/site/myanmarsite1/home/hta/head

Friday, July 27, 2012

hair loss link

http://www.myanmarnewshub.com/?p=12174 ဘာကြောင့် အမျိုးသားတွေ ဆံပင်ကျွတ်သလဲ ...

ဆံပင် ကျွတ်သည့် ပြဿနာကို ရပ်တန့်နိုင်အောင်

11 May 2012 | By Good Health ဆံပင် ကျွတ်သည့် ပြဿနာကို ရပ်တန့်နိုင်အောင်အမျိုးသားတွေသာ ထိပ်ပြောင်ပြီး ဆံပင်ပါးနေ ကြတာ မဟုတ် ပါဘူး။ အမျိုးသမီး အများစု ဟာလည်း ဘဝရဲ့ တစ်ချိန်ချိန်မှာ ဆံပင်ပါး တတ်ကြ တာကြောင့် မိမိ ကိုယ် မိမိ စိတ်ပျက်နေတာ၊ ယုံကြည်ချက် မရှိတာ တွေ ဖြစ်နေ တတ်ကြပါတယ်။ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုမိုထိပ်ပြောင်ကြတာဟာ အမျိုး သားတွေမှာ ပိုမိုပြီးမျိုးရိုးလိုက်တတ်တာကြောင့်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဆံပင်အထူးကု ဆရာဝန်နဲ့ ပြသ နေတဲ့လူနာထဲက ၉၀ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ပါလို့ သိရပါတယ်။ အောက်ပါတို့ဟာ ဆံပင်ဆုံးရှုံးတဲ့ ပြဿနာအချို့ဖြစ်ပြီး ကျွမ်းကျင်သူတွေ အကြံပေး ထားတဲ့ ကုသနိုင်တဲ့နည်းလမ်းတွေပါ။ ၁) ဆံပင်ပြဿနာ - မျိုးရိုးလိုက်ခြင်း Androgenetic Alopecia အမျိုးသားတွေမှာ ထိပ်ပြောင်တာဟာ မျိုးရိုး လိုက်တာကြောင့်လို့ လူတိုင်းသိနေကြပါတယ်။ အမျိုး သမီးတွေမှာလည်း မျိုးရိုးလိုက်တာကြောင့် ဦးခေါင်းရဲ့ အရှေ့နေရာနဲ့ ထိပ်ပိုင်းနေရာမှာ ဆံပင်ပါးနေတတ် ကြပါတယ်။ အမျိုးသမီးတွေ ၃၀ ရာခိုင်နှုန်းမှာ အသက် ၆၀ အရွယ်ရောက်လာရင် မျိုးရိုးလိုက်တာကြောင့် ဆံပင်ပါးတဲ့ဝေဒနာကို ခံစားရတတ်ကြပါတယ်။ မျိုးရိုးလိုက်တာကြောင့် အမျိုးသမီးတွေမှာ ဆံပင် ပါးတာဟာ ပုံမှန်အားဖြင့် သွေးဆုံးချိန်တစ်ဝိုက် ဒါမှမ ဟုတ် သားအိမ်ကို ခွဲထုတ်အပြီး ဟော်မုန်းညီညွတ် မျှတမှုမရှိတာကို တုံ့ပြန်တာကြောင့်ဖြစ်ပေါ်တတ် ပါတယ်။ လိင်ဟော်မုန်းညီညွတ်မျှတတာတွေ ပြောင်း လဲသွားတာကြောင့် အမျိုးသားလိင်ဟော်မုန်းAndrogen တွေ ပိုမိုလွှမ်းမိုးလာပြီး ဆံပင်ပါး ရတာပါလို့ ဆံပင်ပညာရှင် David Salinger က ဆိုပါတယ်။ တစ်ခါတစ်ရံမှာ မျိုးရိုးလိုက်တာကြောင့် ဆံပင်ပါးတာ ဟာ ပါးစပ်မှသောက်ရတဲ့ သန္ဓေတားဆေးတွေ၊ ဟော် မုန်းအစားထိုးကုသမှု ဒါမှမဟုတ် ကိုယ်ဝန်ဆောင် တာကြောင့် ပိုဆိုးစေနိုင်ပါတယ်။ အကောင်းဆုံးကုသနည်း မျိုးရိုးလိုက်တာကြောင့် ဆံပင်ပါးတာဟာ မီးယပ်သွေးဆုံးတာ ဒါမှမဟုတ် သားအိမ်ခွဲစိတ်ထုတ် ထားတာနဲ့ ဆက်စပ်မှုရှိနေရင် ဟော်မုန်းနဲ့ကုသမှု ခံယူနိုင်ပါတယ်။ ဒီကုသမှုမှာ အမျိုးသမီးလိင်ဟော် မုန်းဖြစ်တဲ့ အီစထရိုဂျင်ကို Anti-Androgen နဲ့ တွဲ ဖက်ပြီး အသုံးပြု တာကြောင့် Androgen တွေရဲ့ ဆံပင်အပေါ် လွှမ်းမိုးမှုကို ကာကွယ်နိုင်ပါတယ်လို့ Salinger က ဆိုပါတယ။် ဒီဟော်မုန်းကုသမှုကြောင့် ကိုယ်အလေးချိန် တိုးလာတာ၊ ပျို့တာ၊ ခေါင်းကိုက် တာနဲ့ လိင်စိတ်ကုန်ခမ်းတာ အစရှိတဲ့ ဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။ Minoxidil ငါးရာခိုင်နှုန်းပါဝင်တဲ့ ဆံပင်လိမ်း ဆေးတစ်မျိုးလိမ်းပေးတာဟာလည်း ဆံပင်ကျွတ် တာကို ကာကွယ်နိုင်ပြီး ဆံပင်ပြန်ပေါက်နိုင်ပါတယ်။ ဒါပေမဲ့ Minoxidil ကို ကိုယ်ဝန်ဆောင် အမျိုးသမီး တွေ ဒါမှမဟုတ် နို့တိုက်မိခင်တွေ အသုံးပြုဖို့ မသင့် တော်ပါဘူး။ ၂) ဆံပင်ပြဿနာ - မိမိခန္ဓာကိုယ်မှ ဆဲလ်တွေကို မိမိဘာသာပြန်လည်တိုက်ခိုက်ခြင်း (Autoimmune Disorder) Alopecia Areata ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်တွေဟာ ခန္ဓာကိုယ်မှ ကျန်းမာတဲ့ဆဲလ်တွေကို မှားယွင်းပြီးတိုက်ခိုက်တာ ကြောင့် Autoimmune ပြဿနာတွေ ဖြစ်ပေါ် တတ်ပြီး ဆံပင်အရင်းမှာဖြစ်ရင် ဆံပင်ဆုံးရှုံးတတ် ပါတယ်။ လက္ခဏာတွေအနေနဲ့ စက်ဝိုင်းပုံထိပ်ကွက် နေတာ အလျင်အမြန် ဖြစ်ပေါ်တတ်ပါတယ်။ ဗိုင်း ရပ်စ်ရောဂါပိုးဝင်တာ၊ စိတ်ဖိစီးမှုအလွန်များတာနဲ့ ဦး ခေါင်းအရေပြား ထိခိုက်ဒဏ်ရာရတာကြောင့် ဒီပြဿနာ ဖြစ်အောင် လှုံ့ဆော်နိုင်ပါတယ်။ အကောင်းဆုံးကုသနည်း Alopecia Areataကြောင့် ဆံပင်ပါးသူအ များစုဟာ ကုသမှုမခံယူဘဲ အလိုလိုဆံပင်ပြန်ပေါက် တတ်ပါတယ်လို့ Salinger က ဆိုပါတယ်။ သင်ဟာ အရေပြားပေါ်မှAutoimmune တုံ့ပြန်မှုကို လျှော့ ချဖို့ကုသချင်ရင်တော့ Steroid ပါတဲ့လိမ်းဆေး လိမ်းတာ ဒါမှမဟုတ် ဆေးဝါးသောက်သုံးတာတွေ ပြုလုပ်နိုင်ပါတယ်။ ၃) ဆံပင်ပြဿနာ - စိတ်လှုပ်ရှားမှုကြောင့် ဆံပင် ဆွဲခြင်း Trichotillomania Trichotillomania ဆိုတာဟာ အလုပ်တစ်ခု ကို ထပ်ကာ ထပ်ကာ ပြုမူ တတ်တဲ့ပြဿနာဖြစ်ပြီး မိမိဆံပင်ကို မိမိဆွဲတဲ့ ဒါမှမဟုတ် ကိုက်တဲ့သူတွေ မှာ ဖြစ်ပွားတတ်ပါတယ်။ ဒီရောဂါကြောင့် နာရီပိုင်း အတွင်း ကွက်ကျားကွက်ကျားဆံပင်ကျွတ်တာ ဒါမှမ ဟုတ် ရေရှည်နဲ့ ဆံပင်အများကြီး ကုန်စင်ပြီး ပြောင် သွားတာတွေ ဖြစ်တတ်ပါတယ်လို့ Salinger က ဆိုပါတယ်။ ဒီပြဿနာဟာ စိတ်ဖိစီးမှု ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ ဆက်စပ်တတ်ပါ တယ်။ အသက်ကြီးသူအမျိုးသမီးတွေမှာ ပိုမိုတွေ့မြင် ရတတ်ပြီး သူတို့မှာ စိတ်ကျဝေဒနာ ဒါမှမဟုတ် စိတ် ပိုင်းဆိုင်ရာပြဿ နာတွေလည်း ဖြစ်ပေါ်တတ်တယ် လို့ဆိုပါတယ်။ ဆံပင်ကို တစ်ချိန်လုံးဆွဲနေတာကြောင့် ဆံပင်ကွက်ကျားပြောင်နေတတ်ပါတယ်။ များသော အားဖြင့် ဦးရေပြား၊ မျက်တောင်နဲ့ မျက်ခုံးလိုနေရာ မျိုးတွေမှာ အမွေးအမှင်ပါးနေတတ်ပါတယ်လို့ Salinger က ဆိုပါတယ်။ အကောင်းဆုံးကုသနည်း စိတ်ရောဂါအထူးကုဆရာဝန်နဲ့ ကုသတာဟာ အကောင်းဆုံးနည်းလမ်းပါ။ စိတ်ပိုင်းဆိုင်ရာပြုပြင် တာနဲ့အတူ၊ စိတ်ကျဝေ ဒနာပျောက်ဆေးတွေ လိုမျိုး ဆေးဝါးတွေ အသုံးပြုဖို့လိုအပ်ပါတယ်။ မကြာခင်က အသုံးပြု သွားတဲ့ကုသနည်းမှာ စိတ်ကျလိုက်၊ စိတ် တက်လိုက် ဖြစ်တဲ့ဝေဒနာနဲ့ စိတ်ကစဥ့်ကလျားရောဂါ အတွက် အကျိုးရှိတဲ့N-acetyl- cysteine လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်အားဖြည့်ဆေးတစ်မျိုးကို အသုံးပြု တာကြောင့် ဆံပင်ဆွဲတဲ့အကျင့် လျော့သွားနိုင်တယ် လို့ သိရပါတယ်။ အမေရိကန်မှာ ၁၂ပတ်အကြာ စမ်းသပ်ပြီး အသုံးပြုရာမှာ ဒီအမိုင်နိုအက်ဆစ်အသုံး ပြုသူ ၅၆ ရာခိုင်နှုန်းမှာ Trichotillomania ဝေဒနာ သက်သာသွားတယ်လို့ သိရပါတယ်။ ၄) ဆံပင်ပြဿနာ - ယာယီဆံပင်ကျွတ်ခြင်း ယာယီဆံပင်ကျွတ်ရတဲ့ အကြောင်းရင်းများစွာရှိ ပါတယ်လို့ Salinger က ဆိုပါတယ်။ ကလေးမွေး အပြီး၊ ခွဲစိတ်အပြီး၊ အဖျား ၃၉ ဒဿမ ၅ ဒီဂရီထက်ကျော် လွန်အပြီး၊ အစာလျှော့စားတာနဲ့ ကိုယ်အလေးချိန် လျော့အပြီး၊ သံဓာတ်ချို့တဲ့ခြင်း၊ အာဟာရပြည့်ဝ အောင် မစားသောက်ခြင်း၊ ဆေးဝါးအသုံးပြုခြင်း (ဥပမာ - ကင်ဆာဆေး အသုံးပြုရခြင်း၊ Steroid ဆေး၊ နှလုံးရောဂါအတွက် အသုံးပြုရတဲ့ဆေး၊ ပဋိသန္ဓေ တားဖို့သောက်ရတဲ့ဆေး၊ သွေးကျဲဆေး) အစရှိတာ တွေကြောင့် ယာယီဆံပင် ကျွတ်တတ်ပါတယ်။ အကောင်းဆုံးကုသနည်း သင်ဟာ ကလေးမွေးပြီးတာ ဒါမှမဟုတ် ဖျား နာတာကြောင့် ဆံပင်ကျွတ်သွားရင် မစိုးရိမ်ပါနဲ့။ ဒီကျွတ်သွားတဲ့ ဆံပင်အများစုဟာ အချိန်တန်ရင် သူ့ဘာသာသူ ပြန်ပြည့်သွားတတ်ပါတယ်။ ဘာမှ ကုသစရာမလိုပါဘူးလို့ Salinger က ပြောပါတယ်။ ဆံပင်ကျွတ်တာဟာ နှစ်လမှ သုံးလအတွင်း ရပ်တန့် သွားတတ်ပြီး ခြောက်လအကြာမှာ ပုံမှန်အတိုင်း ပြန် ဖြစ်သွားတတ်ပါတယ်။ ဆံပင်ဟာ ခန္ဓာကိုယ်ရဲ့ ညီ ညွတ်မှုမျှ တမှုမရှိ တာကိုSensitive အလွန်ဖြစ် တတ်တာကြောင့် ခန္ဓာကိုယ်တွင်းအနည်းငယ်ပြောင်း လဲမှုရှိခဲ့ရင်တောင် ဆံပင်ကျွတ်တတ်ပါတယ်လို့ Salinger ပြောပါတယ်။ ၅) ဆံပင်ပြဿနာ - ဗောက်ထခြင်း Tineacapitis ဦးရေပြားမှာ Fungus မှိုပိုးတွေကြောင့် ထိပ် ကွက်နေတာဟာ ကလေးငယ်တွေမှာ သာ တွေ့ရတာ မဟုတ်ပါဘူး။ လူကြီးတွေမှာလည်း ဖြစ်ပေါ်တတ်ပါ တယ်လို့ Salinger က ဆိုပါတယ်။ ကူးစက်တတ်တဲ့ အရေပြား မှိုပိုးရောဂါ တစ်မျိုးဖြစ်ပြီး စက်ဝိုင်းပုံသဏ္ဌာန် ဆံပင်တွေအကွက်လိုက် ကျိုးပြတ်နေတတ်ပါတယ်။ အရေပြားဟာ နီရဲနေပြီး ရောင်ရမ်းကာ ယားယံတတ် ပါတယ်။ ကြောင်၊ ခွေး၊ ငှက်နဲ့ လူမှတစ်ဆင့် မှိုပိုးတွေ ဝင်ရောက်တတ်ပါတယ်။ အကောင်းဆုံးကုသနည်း Anti-fungus ဆေးဝါးတွေကို ပါးစပ်မှ သောက် သုံးရပါမယ်။ လေးပတ်မှ ရှစ်ပတ်ကြာအောင် ကုသရ မှာဖြစ်ပြီး တချို့ လူတွေ မှာ ပျောက်ကင်းဖို့ အချိန် ပို ယူရပါတယ်လို့ Salinger က ဆိုပါတယ်။ Selenium Sulphide ၂ဒသမ၅ ရာခိုင်နှုန်းပါဝင်တဲ့ ခေါင်း လျှော်ရည်ကို အသုံးပြုရင် မှိုပိုးထုတ်လုပ်မှု လျော့သွား နငို ပ်ါတယ။် ဒေါက်တာခင်မိုးမိုး Good Health

"ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်မည့်နည်းလမ်းကောင်းများ"

၁။ သစ်သားဘီး၊ ကျွဲချို၊ နွားချိုဘီးတို့ဖြင့် နေ့စဉ်မှန်မှန် အကြိမ် (၅၀) မှ (၁၀၀) ခန့် ဦးရေပြားကို ဖိပြီးခေါင်းဖီးပေးပါက ဆံပင်အမြစ်ရှိဆံချည်မျှင် သွေးကြောများ သွေးလည်ပတ်မှုမှန်ကာ ဆံပင်ကျန်းမာရေးကို အထူးကောင်းမွန်စေသည်။ ၂။ နေ့စဉ် (သို့) ၂ရက်ခြား (သို့) ၃ရက်ခြားမှန်မှန် မိမိနှင့်သင့်တော်သော ခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်ပေးခြင်း၊ ခေါင်းလျှော်လျှင် ဦးရေပြားကို မကုတ်ဘဲ လက်ထိပ်ကလေးများဖြင့် နှိပ်နယ်မှုပြုကာ ခေါင်းလျှော်ပေးရပါမည်။ ၃။ အဆီချွတ်သတ္တိပြင်းသော ခေါင်းလျှော်ရည် လိုတာထက်ပိုသုံးပါက ဆံပင်များခြောက်သွေ့ကာ ဆံပင်များကျွတ်ခြင်းကြောင့် မိမိဆံပင်နှင့်သင့်တော်သော ခေါင်းလျှော်ရည်ကိုသာ စွဲစွဲမြဲမြဲလျှော်ရန်နှင့် ခေါင်းလျှော်ရည်တံဆိပ် ခဏခဏ ပြောင်းမသုံးသင့်ပါ။ ရေလောင်းခေါင်းလျှော်ခြင်း၊ ဆပ်ပြာနှင့်ခေါင်းလျှော်ခြင်းကို ရှောင်ကြဉ်ကာ ခေါင်းလျှော်ရည်နှင့်သာ ခေါင်းလျှော်ပါ။ ၄။ ဆေးလိပ်၊ အရက်၊ ဘီယာ၊ ၀ိုင် အလွန်အကျွန်သောက်ခြင်းကို ရှောင်ကြဉ်ရမည်။ ၅။ စိတ်ဖိစီးမှုများခြင်း၊ စိတ်မငြိမ်မသက်ဖြစ်ခြင်း၊ နေ့စဉ်သောက မအေးမချမ်းခြင်းကြောင့် ဆံပင်ကျွတ်စေသောကြောင့် မကြာခဏ အသက်ပြင်းပြင်းရှုခြင်း၊ လမ်းလျှောက်ခြင်း၊ အကြောလျှော့သော လေ့ကျင့်ခန်းပြုခြင်း၊ဦးရေပြားကို လက်ထိပ်ကလေးများဖြင့် နှိပ်ခြင်းများကို နေ့စဉ်ပြုလုပ်ပေးသင့်သည်။ ၆။ ဆံပင်ကောက်ဆေးရည်သည် ဆံပင်ကျန်းမာရေးကို ကြီးမားစွာ ထိခိုက်စေသည်။ ဆံပင်ကောက်ခြင်းကို အကြိမ်များစွာမပြုလုပ်သင့်ပေ။ လေပူမှုတ်ခြင်းသည် ဆံပင်အရင်းအမြစ်ကို ပျက်စီးစေခြင်းကြောင့် ရှောင်ကြဉ်သင့်သည်။ ၇။ ဟင်းသီးဟင်းရွက်၊ ကောက်ပဲသီးနှံ နှင့် သစ်သီး များများ စားသင့်သည်။ အသီးအရွက် စားခြင်းနည်းပါက ၀မ်းချုပ်စေပြီး သွေးရည်ကို ညစ်စေကာ ဆံပင် ကျန်းမာရေးကို ထိခိုက်စေသည်။ လိပ်ခေါင်းရောဂါကြောင့် ခေါင်းအလယ်ထိပ်ပိုင်းဆံပင် မြန်မြန်ကျွတ်တတ်သောကြောင့် လိပ်ခေါင်းရောဂါကို အမြန်ကုသရမည်။ ၈။ မိမိအသုံးပြုသော အိမ်နှင့်ရုံးခန်းသည် စိုထိုင်းမှုကင်းဝေးခြင်း နှင့် လေကောင်းလေသန့်ကောင်းခြင်း တို့ဖြစ်စေရန် အထူးဂရုစိုက်စီမံထားရမည်။

အမျိုးသားများ ဆံပင်ကျွတ်ခြင်း အကြောင်းသိကောင်းစရာ

၁ ။ ဆံပင်ကျွတ်ခြင်းဆိုတာ အဖြစ်များတဲ့ပြဿနာ တစ်ခုပါ ။

American Hair Loss Association ရဲ့အဆိုအရ ယောင်္ကျားတွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ အသက်ငါး ဆယ်အနား ချဉ်းကပ်လာပြီဆိုတာနဲ့ ဆံပင်ပါးခြင်းဆိုတဲ့ အရာကို ရင်ဆိုင်ကြုံတွေ့ရပါပြီ ။ အချို့သော ယောင်္ကျားတွေမှာ အ သက် ၂၁ နှစ်မတိုင်ခင်မှာပဲ ဆံပင်ကျွတ်ခြင်းကို စတင်ကြုံတွေ့ရလေ့ ရှိပါတယ် ။

၂ ။ ဆံပင်ကျွတ်ခြင်းအကြောင်းကို လေ့လာဆန်းစစ်ခြင်း

ဘေ့စ်ဘောရိုက်တဲ့အခါဆောင်းတဲ့ဦးထုပ်ကို ဆောင်းခြင်းဖြင့် ဆံပင်ကျွတ်ခြင်းကိုဖြစ်ပေါ်စေပါသလား ?

မဟုတ်ပါဘူး ။ တစ်စုံတစ်ယောက်က သူ့လက်ချောင်းတွေနဲ့ သင့်ဦးပေါင်းကို ပွတ်သတ်ခြင်းဟာလည်း ဆံပင် ကျွတ်ခြင်းကိုမဖြစ်ပေါ်စေနိုင်ပါဘူး ။ ဘီးဖီးခြင်း ၊ ဘရပ်ခ်ျနဲ့ပွတ်ခြင်း၊ ဆံပင်ကိုလိမ်ကောက်ခြင်း နှင့်ပုံသွင်းခြင်း စသည် တို့ကလည်း မဖြစ်စေနိုင်ပါဘူး ။ ဒါပေမယ့် ဆံပင်သားတွေ မပျက်ဆီးအောင်တော့ အထက်ပါ အကြောင်းအရာတွေကို ကြမ်းကြမ်းတမ်းတမ်းမပြုမိလုပ်ဖို့တော့လိုပါတယ် ။

၃ ။ ဆေးလိပ်ဖြတ်ခြင်းက သင့်ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သလား ။

လေ့လာမှုတွေအမျိုးအမျိုးအရ ဆေးလိပ်သောက်ခြင်းဟာ ယောင်္ကျားလေးတွေမှာ ဆံပင်ကျွတ်ခြင်းကို ပိုမိုဆိုး ရွားတာ မြန်စေတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ် ။ ဒါကြောင့် သင့်ဆေးလိပ်ဖြတ်ဖို့ အကြောင်းအရင်းတွေထဲမှာ ဆံပင် ကျွတ်ခြင်းကိုပါ ထည့်သွင်းလိုက်ပါ ။

၎ ။ ဆံပင်ကျွတ်ခြင်းဟာ သင့်ရဲ့ကျန်းမာရေးအခြေအနေကို ဘယ်လိုပြောပြသလဲ ။

ကံကောင်းထောက်မစွာနဲ့ Alopecia လို့ခေါ်တဲ့ ဆံပင်ကျွတ်ခြင်း( ဦးခေါင်းပြောင်ခြင်း) ရဲ့ ဖြစ်စဉ် အများစုမှာ တော့ ရောဂါ တစ်ခုခုနဲ့ ဆက်နွယ်မှုမရှိဘူးဆိုတာသိရပါတယ် ။ ပြီးတော့ ဒါဟာ ကျန်းမာရေး ချို့တဲ့မှုကိုလည်း မဖြစ်စေ နိုင်ပါဘူး ။ ဒါပေမယ့် လည်း ပထမဆုံးအနေနဲ့ ဆံပင်တွေကျွတ်ပြီဆိုတာနဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးလာပါတယ် ဒါမှမဟုတ် ဆံပင်ကျွတ်တာကြောင့် လက်ရှိအသက်အရွယ်အစားထက် ပိုမိုအိုမင်း သ ယောင် ကိုယ့်ကိုယ်ကိုယ် ထင်လာတတ်ပါတယ် ။

၅ ။ ဘယ်အရာတွေက ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်စေသလဲ ။

အမျိုးသားတွေရဲ့ ဆံပင်ကျွတ်ခြင်းရဲ့ ၉၅% ဟာ အမှန်တော့ မျိုးရိုးဗီဇ ( Genetic trait ) ကြောင့်သာ လျှင်ဖြစ်ပါတယ် ။ မျိုးဗီဇ (gene) ဟာ မိဘတစ်ဦးချင်းစီကနေ ဆင်းသက်လာပါတယ် ။ တချို့ ဆံပင်ကျွတ်ခြင်း တွေမှာတော့ ရောဂါတစ်ခုခုကို ကုသနေတဲ့ဆေးဝါးတွေကြောင့် ၊ ဗီတာမင်အေဓါတ်တွေ အလွန်အမင်း များပြား နေတဲ့အတွက်ကြောင့် ဒါမှမဟုတ် ပရိုတိန်းဓါတ်တွေကို လုံလောက်စွာ မရှိလို့ ဆံပင်တွေကျွတ်တာကို ဖြစ်ပေါ်စေ နိုင်ပါတယ် ။ Telogen effluvium လို့ခေါ်တဲ့ ပုံပြင်ဆန်ဆန် ဆံပင်တွေကျွတ်ကျခြင်းကတော့ ဖျားနာခြင်း သို့မ ဟုတ် စိတ်ဖိစီးမှုကြောင့်လည်း ဖြစ်နိုင်ပါတယ် ။

၆ ။ သင့်ဆံပင်တွေကို ဘယ်လိုထိမ်းသိမ်းမလဲ ။

ဆံပင်မကျွတ်အောင်ကာကွယ်ခြင်းက ဆံပင်တုတွေ ထပ်စိုက်ခြင်းထက်ပိုမိုလွယ်ကူပါတယ် ။ အကယ်၍ သင်နည်း လမ်း ရှာချင်တယ်ဆိုရင်တော့ အဲဒီနည်းလမ်းက သင့်ကို ထောက်ပံ့ပေးမှာပါ ။ တိတိကျကျသာ လိုက်နာ ပါ ။ ဒါပေမယ့် ဂရုစိုက်ဖို့တော့လိုပါတယ် ။ အံ့သြဖွယ်ရာ ထုတ်ကုန်တွေနဲ့ ကုသမှုတွေဟာ သိပ်ပြီး ယုံကြည်ဖွယ်တော့မကောင်းပါဘူး ။ အတုအယောင်တွေများပါတယ် ။ သင်သံသယရှိမယ်ဆိုရင်တော့ သင့်ရဲ့ ဆရာဝန်သို့မဟုတ် အရေပြားဆရာဝန်က သင့်ကို ကူညီနိုင်ပါလိမ့်မယ် ။

၇ ။ ဆံပင်ကျွတ်ခြင်းအတွက် ဆေးတစ်လက် - Minoxidil

မျိုးရိုးဗီဇကြောင့် ဖြစ်တဲ့ ဆံပင်ကျွတ်ခြင်းကို ကုသဖို့နည်းလမ်းမရှိပေမယ့်လည်း အချို့သောဆေးဝါးတွေနဲ့ ဆံပင် ကျွတ်တာကို နှေးအောင်တော့ပြုလုပ်လို့ရပါတယ် ။ Minoxidil ဆိုတာ ဆံပင်ကျွတ်ခြင်းအတွက် သင့်ရဲ့ဦး ရေပြားအတွက် FDA က ထောက်ခံပေးထားတဲ့ ဆေးဝါးတစ်လက်ဖြစ်ပါတယ် ။ အဲဒီဆေးဟာ ယောင်္ကျားတွေမှာ ဆံပင်ကျွတ်ခြင်းကို နှေးစေပြီး အချို့ယောင်္ကျားတွေမှာ ဆံပင်အသစ်တွေကိုတောင်ပြန်ပေါက်စေပါတယ် ။ ဒါပေမယ့် သင်ဆေးသုံးတာကို ရပ်လိုက်တာနဲ့ သင့်ဆံပင်ကျွတ်ခြင်းဟာ နဂိုအတိုင်းပြန်ဖြစ်နေမှာပါပဲ ။

၈ ။ မျိုးရိုးဗီဇအရ ဆံပင်ကျွတ်ခြင်းကို ဘာတွေမျှော်လင့်မလဲ ။

မျိုးရိုး ဗီဇအရ ဆံပင်ကျွတ်ခြင်း (Male-pattern baldness) ရဲ့လက္ခဏာတွေတော့ M ပုံသဏ္ဍာန် လမ်း ကြောင်းဖြစ်ပေါ်ခြင်းပါ ။ ပြီးတော့ သင့်ဦးခေါင်းထိပ်ကဆံပင်ဟာ စတင်ပြီး ပါးလာပါလိမ့်မယ် နောက်ပြီးတော့ အကွက် လိုက် ထိပ်ပြောင်လာပါလိမ့်မယ် ။ အဲဒီလို တပြိုင်နက် လမ်းကြောင်းနှစ်ခု ဆုံတွေပြီဆိုရင် မြင်းခွာပုံ သဏ္ဍာန် လမ်းကြောင်းတွေ ဘေးဖက်မှာ ဖြစ်ပေါ်လာပါလိမ့်မယ် ။ ဒီ Male-pattern baldness ကို ပုံဖော်ထားတဲ့ ဟာကို Norwood scale လို့ခေါ်ပါတယ် ။

၉ ။ Male-Pattern Baldness - ဟော်မုန်းတွေကြောင့်လား ။

ဒီ မျိုးရိုးဗီဇကြောင့်ဆံပင်ကျွတ်ခြင်းမှာ DHT လို့ခေါ်တဲ့ဟော်မုန်းတစ်မျိုးဟာ ဆံပင် ဆံပင်ချောင်း ( Hair Follicles) တွေကို သေးသိမ်ပိန်လှီသွားစေပါတယ်။တပြိုင်နက်ထဲမှာပဲ ဒီဆံပင်ချောင်းတွေအရမ်းကို သေးငယ်ပါး လွှာလာတနဲ့တပြိုင်နက် အဲဒီနေရာမှာ ဆံပင်တွေဆက်လက် မကြီးထွားတော့ပါဘူး ။

၁၀ ။ ဆံပင်ကျွတ်ခြင်းအတွက် Finasteride

ဆရာဝန်ညွှန်ကြားချက်ပါမှ သောက်လို့ရတဲ့ ဆေးကို Prescription pill လို့ခေါ်ပါတယ် ။ အဲဒီလိုဆေး တွေထဲမှာတော့ Finasteride ဟာ ခန္ဓာကိုယ်က DHT ဟော်မုန်းထွက်တာကို နှေးကွေးစေခြင်းအားဖြင့် ဆံပင် ကျွတ်ခြင်းကို လည်း နှေးကွေးစေပါတယ် ။ အဲဒီဆေးကို သောက်ခြင်းဖြင့်လည်း တချို့ယောင်္ကျားတွေမှာ ဆံပင်အ သစ်ပြန်ပေါက်လာတာတွေ့ရပါသေးတယ် ။ ယေဘူယျအားဖြင့် Minoxidil ထက် စာရင်ပို ကောင်း ပါတယ် ။ ကိုယ်ဝန်ဆောင်မိခင်တွေတော့ ဒီဆေးကို မသုံးသင့်ပါဘူး ။ ဒီဆေးဟာ သန္ဓေသား ယောင်္ကျား လေးကို မွေးရာပါချို့ယွင်းချက်တွေ ပါလာနိုင်စေတဲ့အတွက်ဖြစ်ပါတယ် ။ Minoxidil လိုပဲ သူကလည်း သုံးတဲ့ အချိန်ကာ လအလျောက်ပဲ အစွမ်းရှိတာဖြစ်ပါတယ် ။

၁၁ ။ ဆံပင်တု တပ်သင့်လား ။

ဆံပင်တုတွေဟာလည်း ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ရှိပါတယ် ။ အချိန်ပေးပြီးလေ့လာခြင်းအားဖြင့် သင်နဲ့ ကိုက်ညီတဲ့ တစ်ခုကို မှန်ကန်စွာရွေးချယ်နိုင်ပါတယ် ။ အရည်အသွေးနဲ့ ဈေးနှုန်းတွေပေါ်မှုတည်ပြီး အမျိုးမျိုး ကွဲပြားခြား နားမှုရှိ ပါတယ် ။ ဒါ့အပြင် ဆံပင်တုတွေဟာ ပုံမှန်ထိမ်းသိမ်းဖို့လိုပြီး အဲဒီအတွက် တစ်လကို $60 မှ $300 အတွင်း ကုန်ကျပါတယ် ။ သင်ဈေးဝယ်ထွက်တဲ့အခါ သင့်ရဲ့မူလဆံပင်အရောင် ၊ အထူ နဲ့ အကောက် အကွေး တွေနဲ့ ဆင်တူတဲ့ဆံပင်တုကို ရွေးချယ်ဖို့အရေးကြီးပါတယ် ။

၁၂ ။ ဆံပင်ပြန်စိုက်ရင် ဘာဖြစ်မလဲ ။

ဆရာဝန်တစ်ယောက်ဟာ ကျန်းမာသံစွမ်းတဲ့နောက်ပိုင်းကဆံပင်ကိုယူပြီး သင့်ဦးခေါင်းရဲ့ ထိပ်ပိုင်းနဲ့ ဘေးဖက် တွေကို သဘာဝအတိုင်းကြည့်ကောင်းအောင် ပြန်စိုက်ပေးပါလိမ့်မယ် ။ ဆံပင်ပြန်စိုက်ခြင်းဟာ အကုန်အကျ များပြီး သင့်မှာ လုပ်ဆောင်ရမယ့်အချက်တွေအများကြီးရှိပါတယ် ။ ၂ လလောက်ကြာပြီးတဲ့အခါ စိုက်ထားတဲ့ ဆံပင် အများစုဟာ ကျွတ်ထွက်သွားပါတယ် ။ ဒါပေမယ့် အဲဒီနေရာမှာ ဆံပင်အသစ်တွေပြန်ပေါက်လာပါတယ် ။ ၆ လအတွင်း မှာပဲ ဆံပင်ဟာ မူလအတိုင်း ပြန်ဖြစ်သွားပါတယ် ။

၁၃ ။ သင့်မှာရှိတဲ့ဆံပင်ကိုအကောင်းဆုံး ထိမ်းသိမ်းပါ ။

သင့်ရဲ့ဆံပင်ကျွတ်ခြင်းကို လူတွေ သတိမထားမိအောင် ပြုပြင်နိုင်တဲ့ ဆံပင်ပြုပြင်နည်းအချို့ရှိပါတယ် ။ ပါးနေတဲ့ ဆံပင်တွေကို ညှပ်ထုတ်ခြင်းက သင့်ကို သိသာထင်ရှားတဲ့ ဘီးဖီးခြင်းကနေ လွတ်ကင်းစေမှာပါ ။ ဆံပင် ထိမ်းသိမ်း ခြင်းနဲ့ ပြုပြင်တဲ့ ထုတ်ကုန်တွေက သင့်ဆံပင်ရဲ့ အုံကို ထူစေမှာပါ ။ မျှတဲ့အာဟာရကိုစားသောက်ခြင်း နဲ့ ဆံ ပင်ကို ဖြေးညှင်းစွာ ကိုင်တွယ်ခြင်းကလည်း ကူညီပေးနိုင်ပါတယ် ။


၁၄ ။ အကောင်းဖက်ကိုပဲ တွေးပါ ။

ဆံပင်တစ်ခုတည်းနဲ့ လူသားတစ်ယောက်ကို မဖန်တီးနိုင်ပါဘူး ။ သင့်မှာ ဒီထက် အရေးကြီး တဲ့အရာတွေ ရှိသေးတယ်ဆိုတာ သတိရပါ ။ သင် ပြုလုပ်နိုင်တဲ့အရာတွေကို ဂရုတစိုက်ပြုလုပ်ပါ ။ ဥပမာ အပူထဲသိပ်မထွက်ပဲ နေရိပ် ထဲမှာ နေခြင်းမျိုးပေါ့ ။ ဒါတွေဟာလည်း သင့်ကို အထောက်အကူပေးပါတယ် ။ အကယ်၍သင့်စိတ်ကို မြှင့် တင်ဖို့ လိုအပ်မယ်ဆိုရင်တော့ Ed Harris, Patrick Stewart နဲ့ Michael Jordan ကဲ့သို့ ကိုယ်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိတဲ့ ထိပ်ပြောင်လူသားတွေကို အတုယူပါ ။ ပြီးတဲ့နောက်မှာတော့ အရာအား လုံးကိုအ ကောင်းမြင်နိုင်အောင်ကြိုးစားပါ ။